Objective Burma Burma blog

Objective, Burma. ရည်ရွယ်ချက် - မြန်မာပြည်။ လွတ်လပ်စွာတင်ပြရေးသား၊ ပြောဆို၊ ဝေငှ ပိုင်ခွင့်သည် ဒီမိုကရေစီ၏အခြေခံအကျဆုံးအချက်ဖြစ်သည်။
အင်္ဂလိပ်နယ်ချဲ့ လက်အောက် ကျွန်ဖြစ်စဉ်တွင်ပင် မရှိခဲ့သော စာပေစီစစ်ရေးအဖွဲ့ ကို လုံးဝဖျက်သိမ်းပေးရမည်။


ပြည်တွင်းငြိမ်းချမ်းရေးတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ များနှင့်တစုတစည်းတည်း ပြည်လုံးကျွတ် ညီလာခံခေါ်ယူ ဆွေးနွေးပါ။ အောက်ခြေရက်ကွက်အဆင့်ထိပြု ပြင်ပြောင်းလဲမှုမရှိသေးသမျှလက်ရှိ ဦးသိန်းစိန်အစိုးရအား ယုံကြည်စိတ်ချမရနိုင်ပါ။

Feb 8, 2012

ဦးသိန်းစိန်ဘာကြောင့်မြစ်ဆုံ စီမံကိန်းကို ခေတ္တရပ်ခိုင်းလိုက်လဲ (မှတ်ချက်။ ယာယီရပ်ခိုင်းထားလဲ))

 ...၄င်းပိုက်လိုင်းစီမံကိန်းသည် မြန်မာပြည်သူတွက် မည်မျှအကျိုးရှိမည် အတိကျမသိသော်လည်း တရုတ်တွက်မူထို ဒေါ်လာ ၁၇ ဘီလျံတန် ပိုက်လိုင်းစီမံကိန်းမှ တနှစ်လျင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၂ဘီလျံခန့် အမြတ်ငွေရရှိမည်..
   "...စင်ကာပူနိုင်ငံအရွယ်ရှိသော မြစ်ဆုံဆည်ကြီး ၏အနောက်ဖက် ကီလိုမီတာ ၁၀၀ အကွာဝေးလောက်တွင် စစ်ကိုင်းငလျင်ကြောမှ နှစ်အနည်းငယ်တွင်းတွင်လှုပ်ခတ်နိုင်ပြီး ထိုသို့ ဖြစ်ခဲ့လျှင် နေပြည်တော် မြို့တော်ကြီး ကိုထိခိုက်ပျက်စီးမည်....."

တရုတ်ကွန်မြူနစ်အစိုးရဟာ မြန်မာနိုင်ငံမှာရေနံ ပိုက်လိုင်းသွယ်တန်းမှုမှာလဲ ဒေါ်လာ ၁၇ ဘီလျံကျော်ရင်းနှီးမြုပ်နှံပြီး မြစ်ဆုံဆည်သည်လည်း အခြားရင်းနှီးမြုပ်နှံမှုထဲမှ အလွန်ကြီးမားသော ရင်းနှီးမှုဖြစ်ပါသည်။ တရုတ်ကွန်မြူနစ်အစိုးရ၏ အာဘော်များ ကို ရေးသားသော ဆောင်းပါး များမှ မြစ်ဆုံ စီမံကိန်းကို ပြန်လည် ဆက်လုပ်ရန်တွက် အပြင်းထန် ဝေဖန် တိုက်တွန်းသည့် ဆောင်းပါးများဖြင့် တိုက်ခိုက်လျက်ရှိပါသည်။ ၄င်းတရုတ်သတင်းများတွင် ပိုက်လိုင်း စီမံကိန်းကြောင့် လူပေါင်း ၅သောင်းခန့် အလုပ်ကိုင်ရရှိကြကြောင်းနှင့် ဆင်းရဲမွဲတေနေသော ကချင်ဒေသမှ တိုင်း၇င်းသားများအား ပိုမို အဆင့်မြင့်သည့် အိမ်၇ာ ဘ၀များသို့ ပြောင်းလဲပေးခဲ့ကြောင်းဆိုပါသည်။ သို့ သော်မည်သည့် သက်သေအထောက်ထားများနှင့်ပြောနေသည်ကို မသိပါ။ နေရင်းနေ ဒေသခံများ အသိပင်ဖြစ်ပါသည်။ ၄င်းပိုက်လိုင်းစီမံကိန်းသည် မြန်မာပြည်သူတွက် မည်မျှအကျိုးရှိမည် အတိကျမသိသော်လည်း တရုတ်တွက်မူထို ဒေါ်လာ ၁၇ ဘီလျံတန် ပိုက်လိုင်းစီမံကိန်းမှ တနှစ်လျင် အမေရိကန် ဒေါ်လာ ၅ ဒသမ ၂ဘီလျံခန့် အမြတ်ငွေရရှိမည်ဖြစ်သည်ဟုဆိုပါသည်။ တနည်းဆိုသော် ၄နှစ်တွင့် တရုတ်မှ အရင်းကြေမည်ဖြစ်ပြီး ထို၎နှစ်နောက်ပိုင်း မှ ၀င်ငွေများသည် တရုတ်တွက် အသားတင် အမြတ်ငွေများဖြစ်နေသည်။ ထို့ ကြောင့် ၄နှစ်နောက်ပိုင်း တစုံတရာကြေင့်ပိုက်လိုင်း ပျက်စီးခဲ့လျှင် တရုတ်တွက် အကျိုးမယုတ်နိုင်ဟုယူဆရပါသည်။  မြစ်ဆုံ စီမံကိန်းမှ တရုတ်တို့ မည်မျှ အကျိုးမြတ်ရနိုင်သည်ကို တိတိကျကျ ကျွန်တော်မပြောနိုင်သော်လည်း ထိုပိုက်လိုင်းစီမံကိန်းကိုကြည့်ပြီး  မြစ်ဆုံးစီမံကိန်းတွင်လဲ တရုတ်၏တွက်ချက်မှုကို သိရှိနိုင်ပါသည်။ ရည်ရှည်တွင် အမှန်တကယ် ဒုက္ခကို ခံစားရမည်မှာမြန်မာပြည်သူများသာဖြစ်ပါသည်။

ကြုံတုန်း ဒေါ်အောင်ဆန်းစုကြည်နှင့်ယှဉ်ပြိုင်ရွေးကောက်ခံမည့် ကြံ့ဖွံ့ အဖွဲ့ မှ ဒေါက်တာစိုးမင်းမှ ဒီဗွီဘီနှင့်မေးမြန်းခန်းတွင်၎င်း၏ နှစ်ခါကျွန်ဖြစ်လိမ့်မည်ဆိုသည်မှာဒေါ်အောင်ဆန်းစုကြည်အားရည်ညွှန်းပါသလား ဟုမေးမြန်းရာတွင် သူက "..နိုင်ငံခြားကုမ္ပဏီများ လာအလုပ်လုပ်လျှင် ၄င်းတို့ က မိမိတို့ အကျိုးမြတ်တွက်ပဲ ကြည့်သည်ကြောင့် ကိုယ့်တိုင်းပြည်သယံဇာတတွေ ဆုံးရှုံးသွားရသည် ကိုယ်တို့ ကအလုပ်သမားဘ၀နဲ့ပဲနေသွားရတယ်။  အင်္ဂလိပ်တွေ လာလို့ သူတို့ စီးပွါးရေးကျွန်ဖြစ်ခဲ့ရသည် ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းတို့ က လွတ်လပ်ရေးရအောင် ပြန်တိုက်ခဲ့ ကြသည်။ ဟုဆိုပါသည်။ ဒါဟာစီးပွါးရေးအရကျွန်ပဲဟုဆိုပါသည်။ ဒါကြောင့်နှစ်ခါကျွန်ဖြစ်မည်ဟု ဒါကြောင့် ပြည်သူများအား သင်ကြားပေးရမည်ဟု ဒေါက်တာ စိုးမင်း (ဗိုလ်မှုးဟောင်း) ကော့မှုးမြို့ နယ်မှ ဒေါ်စုနှင့်ရွေးကောက်ပွဲ ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီမှ ဆိုပါသည်။

ထိုသို့ ဆိုလျှင်ယနေ့ တရုတ်ပြည်မှရင်းနှီးမြုပ်နှံမှု၊ တရုတ်သည် နိုင်ငံခြားမဟုတ်လို့ တရုတ် သည် မြန်မာပြည် သားများလား။ တရုတ်အစိုးရသည် မြန်မာပြည်ကို ပိုင်ဆိုင်နေသလားလို့ မေးချင်ပါသည်။


သမ္မတကြီး ဘာကြောင့်မြစ်ဆုံကိစ္စ ခေတ္တ ရပ်ခိုင်းရသလဲ 
(မှတ်ချက်။ မဖျက်သိမ်းသမျှ ခေတ္တရပ်ဆိုင်းဟုယူဆနိုင်)

 မြစ်ဆုံကိစ္စပြီးလျင် မြန်မာများ မည်သို့ အကျိုးရှိမည်မသိသော်လည်း ထိုမြစ်ဆုံ လျှပ်စစ်စီမံကိန်းမှထွက်ရှိသောလျှပ်စစ်ဓါတ်အား ၉၀ ရာခိုင်နှုန်းကျော်ကို တရုတ်မှရရှိမည်။ ထိုမှရရှိသောဝင်ငွေကို လာရောက်ရင်းနှီးမြု့ပ်နှံသော တရုတ်ကုမ္ပဏီမှအကျိုးမြတ်အဆင့်လိုက်ရရှိမည်။ (မှတ်ချက်။ တရုတ်အားလျှပ်စစ်ဓါတ်အားရောင်းရငွေကို တရုတ်ကုမ္ပဏီမှ အများဆုံးအကျိုးမြတ်ရမည်။ တနည်း တရုတ်မှ ထွက်ရှိဓါတ်အားရမည်။ ထို့ ပြင် ရောင်းရငွေ ကို တရုတ်မှပင်လျှင် အများဆုံး ရရှိပြန်ပါသည်။ မေးချင်တာက မြန်မာတွေ ဘာရမှာလဲ ကြံ့ဖွတ်ပါတီမှ လွှတ်တော်အမတ်လောင်းဖြေပါ။)


 ဧရာဝတီမြစ်ဆုံ ရေကာတာသည် တရုတ်ပြည်ယူနန်နှင့် စစ်ကိုင်းတိုင်းကြားရှိ ငလျှင်ကြောပေါ်တွင်တည်ရှိနေပြီး မကြာသေးခင်က ဂျပန်နိုင်ငံမှ International Institute of Seismology and Earthquake Engineering နှင့် မြန်မာ့ပို့ဆောင်ဆက်သွယ်ရေးတို့ ၏ ပူးတွဲ လေ့လာတွေ့ ရှိချက်အရ  စင်ကာပူနိုင်ငံအရွယ်ရှိသော မြစ်ဆုံဆည်ကြီး ၏အနောက်ဖက် ကီလိုမီတာ ၁၀၀ အကွာဝေးလောက်တွင် စစ်ကိုင်းငလျင်ကြောမှ နှစ်အနည်းငယ်တွင်းတွင်လှုပ်ခတ်နိုင်ပြီး ထိုသို့ ဖြစ်ခဲ့လျှင် နေပြည်တော် မြို့တော်ကြီး ကိုထိခိုက်ပျက်စီးနိုင်ကြောင်း။ ၄င်းတို့ ၏လေ့လာတွေ့ ရှိချက်အရ အက်ဒမန်ပင်လယ် ပြင်နှင့်ကချင်ပြည်နယ်မြောက်ပိုင်းထိအောင်ပင် ဆိုးရွားသည့် အကျိုးသက်ရောက်မှုရရှိနိုင်ကြောင်းထုတ်ဖေါ်မှုကြောင့် ဗိုလ်ချုပ်ဟောင်းသမ္မတဦးသိန်းစိန် မှ မြစ်ဆုံအားခေတ္တရပ်တန့် ရန် ဆုံးဖြတ်ချက်ချခြင်းဖြစ်နိုင်ကြောင်း Asian Times News မှဆောင်းပါးရှင်မယ်လိုဒီကမ့်က ဆိုပါသည်။ အခြားသောအလွတ် ဘူမိဗေသပညာရှင်တစ်ဦးဖြစ်သည့် Ole Nielsen ဆိုသူကလဲ ၄င်း၏ဘလော့တွင် မြစ်ဆုံဆည်တစုံတရာကြောင့် နောင်အနာ ဂတ်တွင် နှစ်သုံးဆယ် လေးဆယ်တွင်  ရေလျှံ့ကျိုးပျက်ခဲ့သော်၊ ပျက်စီးခဲ့ သော် မြစ်ကြီးနား တမြို့ လုံး ရေအောက်ရောက်ပြီး တမြို့ လုံး ပျက်စီးနိုင်ကြောင်း ထုတ်ဖေါ်ရေးသားဖူးသည်။

အခြားသော ကျွမ်းကျင်သူပညာရှင်များမှလဲ ရေကာတာများကြောင့်မြေအောက်ငလျှင်ကြောများကို အကျိုးသက်ရောက်စေပြီး မြေငလျင်လှုပ်မှုများကို ဖန်တည်းကြောင်း ကမ္ဘာ့အရပ်ရပ်ရှိေ၇ကာတာများ အောက်မှ ဖြစ်ပေါ်သော အကြိမ် ၉၀ ခန့် သေချာစွာစစ်ဆေးထားသော ငလျင်လှုပ်မှုများကို ထောက်ပြပြီး ယခုစင်ကာပူနိုင်ငံအ၇ွယ်ရှိ ဆည်ကြီးသည် ထိုမြေအောက် ငလျင် ကိုဖြစ်ပေါ်ဖန်တည်းရန် အကြောင်းဖြစ်သွားနိုင်ကြောင်း နှင့် တရုတ်နိုင်ငံမှ ၂၀၀၈ ခုနှစ်ငလျင်သည်လည်း စီချွန်ပြည်နယ်မှ ဆည်နှင့်ဆက်စပ်နေသည်ဟုပြောဆိုကြသည်။

လတ်တလောအချိန်တွင် အမေရိကန်မှ ဘူမိဗေဒပညာရှင်အချို့ ၏လေ့လာတွေ့ ရှိချက်အရ ဧရာဝတီမြစ်တွင်းကို စီးဆင်းနေသည့် ရေစီးကြောင်းကို ဖြစ်ပေါ်စေသော ဟိမ၀ဏ္တာတောင်တန်းရှိနှင်းခဲစီးချောင်းသည် လဲသိသိသာသာပင် တုံ့ ဆိုင်းနည်းပါးလာပြီး ဖြစ်သည်ဟုတွေ့ ရှိရသည်။ ထို့ ကြောင့်မြစ်ဆုံဆည်သည် နောင်အနာဂတ်တွင် ရေခန်းပြီး လွန်စွာကြီးမားသော သဲနုန်းမြေချိုင့်ဝှမ်းအဖြစ်သာကျန်ရှိတော့မည် ဖြစ်ကြောင်း (မှတ်ချက်၊ ထိုသို့ ဖြစ်ခဲလျင် တရုတ်မှ လိုသလောက်အဆီနှစ်များစုပ်ယူပြီးဖြစ်သောကြောင့်တရုတ်တွက်အရှုံးမရှိပါ။) ထို့ ပြင် ထိုဟိမ၀ဏ္တာတောင်တန်းရှိ ရေခဲစီးချောင်းမှ အရည်ပျော်မှုကြေင့် ရေစီးဟုန်များဖြစ်ပေါ်ပြီး ဆည်ကိုကျိုးပေါက်မှု ရေကြီးမှုများလည်းဖြစ်နိုင်ကြောင်း ထိုဖြစ်ရပ်သည် နီပေါနိုင်ငံတွင်ယခုပင် တွေ့ ကြုံနေရပြီးဖြစ်ကြောင်းပြောပါသည်။


၎င်းမြစ်ဆုံစီမံကိန်းကို ဗိုလ်ချုပ်သန်းရွှေ ၏တပည့်ရင်း ယခုဒုသမ္မတ တင်အောင်မြင့်ဦးနှင့် သူ၏အကျိုးစီးပွါးများလုပ်ဆောင်နေသူဟု ယူဆရသောအေးရှဝေါကုမ္ပဏီပိုင်လော်စစ်ဟန် (တရုတ်လူမျိုး-  မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့်ငွေမဲလွှဲပြောင်းမှုလုပ်နေသူဟု အမေရိကန် မူးယစ်နှိမ်နင်းရေးမှထုတ်ဖေါ်ထားသူမှ)  ၂၀၀၆ ခုတွင် တရုတ်နိုင်ငံရှိ China Power Investment Corporation မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

















No comments:

Post a Comment

ဝေဖန်ရေးတွက်နေရာ